Yonex German Open 2024 တွင်ဝင်ရောက်ယှဉ်ပြိုင်မယ့် သက်ထားသူဇာ

ဖေဖော်ဝါရီ ၂၇

မြန်မာ့ကြက်တောင် အားကစားမယ် သက်ထားသူဇာဟာ Yonex German Open 2024 တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲကို ဂျာမနီနိုင်ငံတွင် ဖေဖော်ဝါရီလ (၂၇) ရက်မှ မတ်လ (၃) ရက်အထိ ကျင်းပသွားမည်ဖြစ်ပါတယ်။

သက်ထားသူဇာက အဆိုပါ ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ (၃၂) ဦးအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ကမ္ဘာ့အဆင့် (၈၀) ရှိ ပြင်သစ် ကြက်တောင်မယ် LéOnice HUET နှင့် ဖေဖော်ဝါရီလ (၂၈) ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် လက်ရှိသတ်မှတ်ထားသည့် အမျိုးသမီးတစ်ဦးချင်းအဆင့်တွင် သက်ထားသူဇာ၏ လက်ရှိကမ္ဘာ့အဆင့်မှာ (၄၂) ဖြစ်ပြီး 2024 Paris Olympics ကိုဝင်နိုင်ရန်အတွက် လိုအပ်သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်း သိရပါတယ်။