အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ထမ်းများနှင့် အလှူရှင်များက စားသောက်ဖွယ်ပစ္စည်းများပေးအပ်ခြင်း


ဖေဖော်ဝါရီလ ၂၇

အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လည်ပိုင်းက တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ရှေ့ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့မှ အမှာစကားပြောကြားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ထမ်းများနှင့် အလှူရှင်များက ဂုဏ်ပြုပေးအပ်သည့် ငွေကျပ် သိန်း(၅၀၀)ကျော်နှင့် အသင့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်ရာ တိုင်းမှူးမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

#PAN