ဆိပ်ဖြူမြို့နယ်၊ ရေပုတ်ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွား


ဖေဖော်ဝါရီ ၂၇

ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရေပုတ်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ထိတွေ့ပစ်ခတ်မှုတိုက်ပွဲတွင် လုံခြုံရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိပဲ အကြမ်းဖက် PDF အဖွဲ့များထံမှ အကြမ်းဖက် PDF ၁ လောင်း၊ KIA ထုတ် ၄၀ မမ ဆုံလည်သေနတ် ၁ လက်၊ ၄၀ မမဗုံသီး ၂ လုံး၊ အေကေကျည်အိမ် ၁ ခု၊ အေကေကျည်ဆံ ၁၀ တောင့်နှင့် အိုင်ကွန် ၁ လုံးတို့ကို သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

PAN