ကလေးမြို့နယ်၊ ခိုင်ကမ်းကျေးရွာတွင် အကြမ်းဖက် CNA/PDF အလောင်း လက်နက် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ


ဖေဖော်ဝါရီ ၂၇

ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ခိုင်ကမ်းကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များသည် အကြမ်းဖက် CNA/PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာအတွင်း အသေးစိတ်နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲမှ ပြောက်ကျားယူနီဖောင်းဝတ် (CNA/PDF ဘက်တံဆိပ်ပါ) အကြမ်းဖက် ၄ လောင်း၊ AK-47 သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ AK ကျည်အိမ် ၃ ခု၊ ကျည်ကာဦးထုပ် ၁ လုံး တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

#PAN