ဖားကန့်မြို့နယ်နှင့် ရွှေကူမြို့နယ် မြေပြင်စစ်ရေးအခြေအနေ


ဖေဖော်ဝါရီ ၂၇

ယမန်နေ့ ည ၈ နာရီ ၂၀ အချိန်ခန့်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခံကျေးရွာ၊ နန့်ရေတောင်းကုန်းရှိ ရှေ့တန်းစစ်စခန်းကို အကြမ်းဖက် KIA/KPDF အဖွဲ့က သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်ခဲ့၍ နှစ်ဖက်ပစ်ခတ်မှုတိုက်ပွဲသည် ယနေ့နံနက် ၂ နာရီအချိန်ထိ ကြာမြင့်ကြောင်း သိရှိရသည်။

ထို့အတူ ကချင်ပြည်နယ်၊ ရွှေကူမြို့အထွက် ရွှေကူ-ဗန်းမော်-မန္တလေးကားလမ်းပိုင်းပေါ်ရှိ အကြမ်းဖက် LPDF အဖွဲ့စခန်းအထိုင်ချထားသည့် အထက် ၄ မိုင်လမ်းဆုံဂိတ်တွင် ယမန်နေ့ မွန်းလွဲပိုင်း အချိန်ခန့်ကလည်း တပ်မတော်စစ်ကြောင်းနှင့် LPDF များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အချိန် ၁ နာရီခန့်ကြာမြင့်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

PAN