အီရန်က ရုရှားသို အမြင့်ပျံဒုံးကျည်များ ရောင်းချနေခြင်းမရှိ


ဖေဖော်ဝါရီ ၂၅

အီရန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို အမြင့်ပျံဒုံးကျည်များ ရောင်းချပေးနေခြင်းမရှိကြောင်းနှင့် အနောက် အုပ်စုမီဒီယာများ၏ ဖော်ပြချက်မှာ မှန်ကန်မှုမရှိကြောင်း အီရန်အစိုးရက ငြင်းချက်ထုတ်ပြန် လိုက်သည်။

အီရန်နိုင်ငံသည် အမြင့်ပျံဒုံးကျည်များရောင်းချမှုအတွက် မည်သည့်ကန့်သတ်ချက်ကိုမျှ ရင်ဆိုင်နေရခြင်း မရှိကြောင်း၊ သိုသော် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်နေစဉ်ကာလအတွင်း စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်းကို အလိုက်တသိ ရှောင်ရှားရမည်ဟု ယူဆထားကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံရုံးက လူမှုကွန်ရက်တွင်‌ ပြောထားသည်။

အီရန်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ကုလသမဂ္ဂ၏ ပဋိညာဉ်တိုကို လေးစားလိုက်နာလျက် ရှိကြောင်း အီရန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီရန်နိုင်ငံက ရုရှားနိုင်ငံသို အဖျက်စွမ်းအားပြင်း မြေပြင်မှမြေပြင်ပစ် အမြင့်ပျံဒုံးကျည်ပမာဏ အများ အပြားကို ရောင်းချပေးနေကြောင်း သတင်းအရင်းအမြစ်ခြောက်ခုကို ကိုးကား၍ အနောက်အုပ်စုမှ သတင်းဌာန တစ်ခုက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖော်ပြထားခြင်းဖြစ်သည်။