ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာတွင် အကြမ်းဖက် PDF များ၏ မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


ဖေဖော်ဝါရီ ၂


ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာအတွင်း အကြမ်းဖက် PDF များအခြေပြုနေကြောင်း ဒေသခံများ၏ လျှိုဝက်သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းရာ အကြမ်းဖက်သမားများ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ရှင်းလင်းရေးဆောင်ရွက်ရာ ကျေးရွာထဲရှိ နေအိမ်တအိမ်အတွင်းမှ အကြမ်းဖက် PDF များ၏ မိုင်းနှင့် ဆက်စပ်ပစ္စည်းများဖြစ်သော လက်လုပ်ကွန်ကရစ်မိုင်း ၂၀ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံး၊ ဆားကစ်အုံ ၉ ခု၊ လက်လုပ်ရှော့တိုက်စင် ၂ ခု၊ လက်လုပ်ရှော့တိုက်ဒုံး ၁ လုံး၊ နီ/နက်ဝါယာကြိုး ၃ ခွေ တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

#PAN