“ရန်ကုန်မြို့က ရေနုတ်မြောင်းအဖုံးပေါ်တွင် ကျူးကျော်ဈေးရောင်းနေသူတွေကို ရှင်းလင်းမယ်”


ဖေဖော်ဝါရီလ ၂၅
ရန်ကုန်မြို့က ရေနုတ်မြောင်းအဖုံးတွေပေါ်မှာ ကျူးကျော်ပြီး ဈေးရောင်းနေသူတွေကို ရှင်းလင်းမယ်လို့ မြို့တော် စည်ပင်က ပြောပါတယ်။
လမ်းနယ်ကျူးများ၊ ရေနုတ်မြောင်းအဖုံးများပေါ်မှာ ကျူးကျော်ဈေးရောင်းချမှုများကို သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းအဖွဲ့များနှင့် မြေပြင်ကွင်းဆင်း ရှင်းလင်းဆောင်ရွက်သွားမယ်လို့လည်း ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး က ပြောကြားလိုက်တာ ဖြစ်ပါတယ်။
   ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်စေရန်အတွက် အဓိကရေနုတ်မြောင်းများအတွင်းက အမှိုက်၊ နုန်းနှင့် ဒိုက်များ ဆယ်ယူရှင်းလင်းရန်၊ အဓိကဘတ်စ်ကားများ မောင်းနှင်သည့် လမ်းမကြီးများတွင် ပျက်စီးနေသည့် ယာဉ်ကြော မျဉ်းများ ပြန်လည်ရေးဆွဲရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကိုလည်း ထည့်သွင်းပြောကြား ခဲ့ပါတယ်။
လိုင်းပြေးဆွဲနေသည့်ကားများအနေနဲ့ သက်ဆိုင်ရာမှတ်တိုင်များတွင် စနစ်တကျရပ်တန့်ရန်နဲ့ Taxi အငှား ယာဉ်များ ရပ်နားနိုင်ရေးအတွက် သင့်တော်မည့်နေရာများတွင် ယာဉ်ရပ်နားကွင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။

#PAN

Telegram link

https://t.me/positiveanglenew