သထုံမြို့၊ နန်းခဲရပ်ကွက်၊ မြသပိတ်တောင်ခြေရှိ နှီးဘုရားအနီး မြသပိတ်ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ (၆၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကြီးကျင်းပ


ဖေဖော်ဝါရီ ၂၃

ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်မှ ညနေ ၅ အချိန်ထိ မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ မြသပိတ်တောင်ခြေရှိ နှီးဘုရားအနီး၌ မြသပိတ်ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ (၆၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကြီးကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲကို သထုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြသပိတ်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များ၊ ထမနဲထိုးပြိုင်ပွဲယှည်ပြိုင်ကြမည့် ရပ်ကွက်/ကျေးရွာများမှ အဖွဲ့များ ပါဝင်ခဲ့ ကြပြီး ထမနဲထိုးပြိုင်ပွဲကို ကျင်းပခဲ့ရာ ၎င်းပြိုင်ပွဲတွင် ဆုရရှိသည့် အဖွဲ့များအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

PAN