ကော့ကရိတ်မြို့တွင် အမျိုးသား ၂ ဦးမှ မီး‌လောင်ရာရပ်ကွက်ရှိ ၎င်းတို့နေမှ ပစ္စည်းများသွားရောက်ယူဆောင်စဉ် အကြမ်းဖက်သမားများ၏ သေနတ်ဖြစ် ချောင်းမြောင်း ပစ်ခတ်ခံရ


ဖေဖော်ဝါရီ ၂၂

ယနေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ရှိ ရပ်ကွက်မီးလောင်နေသည် ဟုကြားသိရ၍ နေအိမ်သို့ ပစ္စည်းပြန်လည်၀င်ယူရန် ဒေသခံပြည်သူ ၂ ဦးမှ ဆိုင်ကယ်ဖြင့် နေအိမ်သို့သွားစဥ် အမှတ် ၇ ရပ်ကွက်၊ ပန်းခြံလမ်းထောင့်အရောက်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရ၍ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မီးလောင်သည်ဟုကြားသိရ၍ ဦးဌေးအောင် ၆၁ နှစ်၊ (ဘ)ဦးဘပျို၊ အမှတ် ၄ ရပ်ကွက်၊ ကြာအင်းကုန်းကွက်သစ်၊ ပုဏ္ဏရိပ် ၂ လမ်း‌နေသူသည် နေအိမ်သို့ သွားရောက်ကြည့်ရူ့ရာ နေအိမ်လာရာလမ်းအရောက်လမ်းကြားတွင် သေနတ်ဖြင့်ပစ်ခံရ၍ ဒူးအောက်(ယာ)ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအတူ ဦးစိုးနေဇာထူး ၄၂ နှစ်၊ (ဘ)ဦးမျိုးတင့် မှာ ပေါင်ရင်း(ယာ)ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့၍ ပြန်လှည့်လာရပြီး ကော့ကရိတ်မြို့ ဘားအံဆေးရုံသို့ ဆေးကုသမူခံယူနေကြောင်း သိရှိရသည်။

#PAN