ရန်ကုန်-မန္တလေးမီးရထားလမ်းအား အကြမ်းဖက်အဖွဲ့မှ ကျောက်တံခါးမြို့နယ်တွင် မိုင်းခွဲဖျက်ဆီး


ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာအုပ်၊ ဘာဘူကုန်းကျေးရွာအနီးရှိ မြန်မာ့မီးရထားလမ်း တံတားအမှတ်(၁၄၅)အား ယမန်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ် ယမန်နေ့ ည ၉ နာရီ ၂၀ မိနစ်ချိန်ခန့်တွင် ညောင်လေးပင်ခရိုင်၊ ပိန်းဇလုပ်ဘူတာနှင့် သူဌေးကုန်းဘူတာကြားရှိ သာယာကုန်းအရှေ့ဘက် ကြိတ်ကွင်းကျေးရွာအနီးရှိ မြန်မာ့မီးရထားလမ်း ကြေးနန်းမိုင်တိုင်အမှတ်ရှိ ၁၀၃/၆၊ တံတားအား အကြမ်းဖက်အဖွဲဲ့များမှ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် တပ်နယ်တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ မြန်မာ့မီးရထားမှ လက်ရှိပြေးဆွဲ မောင်းနှင်အသုံးပြုလျက်ရှိသော အနောက်ဘက်ခြမ်းရှိ မီးရထားသံလမ်းမှာ ၇၀ ပေနှင့် ၁၀၀ ပေကြား ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး လူနှင့်ကျွဲ/နွားတိရိစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ပျက်ဆီးသွားသော မီးရထားသံလမ်းအားပြုပြင်ခြင်း၊ တံတားအားစစ်ဆေးကြည့်ရှူ၍ လိုအပ်သည်များကို ပြုပြင်ခြင်းများအား ဆောင်ရွှက်လျှက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့)ခြမ်းရှိ အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ်မဟုတ်သော အများပြည်သူအသုံးပြုနေသော မီးရထားလမ်းများ၊ ကားလမ်းများ၊ တံတားများ၊ ဘာသာရေးအဆောက်အအုံများအား မိုင်းထောင်ဖျက်ဆီးခြင်း၊ ဒရော့ဗုံးများကြဲချတိုက်ခိုက်ခြင်း၊ ဒလန်ခေါင်းစဥ်တပ်၍နိုင်ငံ့ဝန်ထမ်းများ ပြည်သူအများအား သတ်ဖြတ်လုပ်ကြံခြင်း၊ နေအိမ်များအားမီးရှို့မည်ဟုအကြပ်ကိုင်၍ ဆပ်ကြေးများဓားပြတိုက်ကောက်ခံခြင်းတို့ကို နေ့စဥ်ဆောင်ရွက်လျှက်ရှိနေကြောင်း သိရှိရသည်။

PAN