ကျိုက်ထိုမြိုနယ်၌ ငွေကျပ် သုံးဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိ


ဖေဖော်ဝါရီ ၂၀

မွန်ပြည်နယ် ကျိုက်ထိုမြိုနယ်၌ ငွေကျပ် သုံးဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီခွဲတွင် မွန်ပြည်နယ် ကျိုက်ထိုမြိုနယ် မရမ်းချောင်ကျေးရွာအနီးတွင် ဒိုက်ဦးမှ ဘားအံသို ခိုင်ဇော်ထွန်း မောင်းနှင်ပြီး နိုင်ဇော်နှင့် နန္ဒထွန်းတို လိုက်ပါလာသည့် Hyundai Mini Bus ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် သုံးဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိခဲ့ပြီးကြောင်း သိရှိရသည်။

စစ်ဆေးချက်အရ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၄ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ ဇော်မျိုးနိုင် (ခ) ဒညင်းကို ဒိုက်ဦးမြိုနယ် ကတုတ်ဘုရားကြီးကျေးရွာရှိ ၎င်း၏ နေအိမ်တွင် Hyundai Grace ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြိုနယ်သို သယ်ဆောင်ပြီး ထိုမှတစ်ဆင့် ကရင်ပြည်နယ်သို ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတိုအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN