ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအနီး အကြမ်းဖက် PDF များ၏ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


ဖေဖော်ဝါရီ ၂၁

ယမန်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အကြမ်းဖက် PDF များ၏ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ချင်း လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် ဒေသတွင်းပြည်သူများကို နည်းမျိုးစုံဖြင့် သတ်ဖြတ်သလို လက်နက်အားကိုးဖြင့် ပြည်သူများ၏ ကျွဲ၊ နွား၊ ကြက်များကို အနိုင်ကျင့်ယူဆောင်ကာ နေ့စဉ်လုပ်ဆောင်နေကြသဖြင့် ဒေသတွင်းပြည်သူများက လုံခြုံရေးတပ်ရင်းတပ်ဖွဲ့များထံ လျှိုဝက်သတင်းပေးပို့မှုများရှိလာရာ ၎င်းတို့၏ ခြေကုပ်အထိုင်နေရာများကို သွားရောက်ရှင်းလင်းရာ ၎င်းတို့၏ လက်နက်ခဲယမ်းများဖြစ်သော လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်လက်ပစ်ဗုံး ၈ လုံး၊ ကာဘိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည်ဆံ ၂၉ တောင့်၊ ကာဘိုင်ကျည်အိမ် ၂ ခု၊ အေကေကျည်အိမ် ၅ ခု၊ အေကေကျည်ဆံ ၆၈ တောင့်၊ Mavic-2 အမျိုးအစား Drone ၁ စီး တို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

#PAN