ဖေဖော်ဝါရီ ၂၁
မြန်မာ့လက်ဝှေ့ အကျော်အမော် ထွန်းထွန်းမင်းနှင့် သူ၏ ပြိုင်ဘက်ဟောင်းဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိချန်ပီယံဖိုက်တာ ပရွမ်စမ်နမ်နှင့် လာမည့် ဖေဖေါ်ဝါရီ (၂၉) ရက်တွင် ပြန်လည်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ထွန်းထွန်းမင်းနှင့် ပရွမ်စမ်နမ်တို့သည် ကမ္ဘောဒီးယားနိုင်ငံ၌ ခွန်ခမာရိုးရာလက်အိတ် စည်းမျဉ်းများအတိုင်း ခေါင်တွဲဆိုင်းအဖြစ် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယား နိုင်ငံ၏ လက်ရှိချန်ပီယံ ပရမ်စမ်နန်သည် 2023 Thai Fight ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့ပြီး ပြီးခဲ့သည့် ဆီးဂိမ်းတွင် လက်ဝှေ့ကျော် ထွန်းထွန်းမင်းကို ဒိုင်အမှတ်ဖြင့်အနိုင်ယူခဲ့ကာ ရွှေတံဆိပ်ဆုရရှိခဲ့သူလည်း ဖြစ်ပါတယ်။
အဆိုပါပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် ရိုးရာလက်ဝှေ့ ပထမတန်းမှ ရှုံးပွဲမရှိ စံချိန်ပိုင်ရှင် ကျော်စွာဝင်းနှင့် ကမ္ဘောဒီးယားဖိုက်တာတို့၏ တွဲဆိုင်းကိုလည်း ထည့်သွင်းထားကြောင်း သိရပါတယ်။