ချောင်းဆုံမြိုနယ် မုဒွန်းရွာ မီးလောင်မှုကြောင့် နေအိမ် ၁၆ လုံး မီးဘေးသင့်

ဖေဖော်ဝါရီ ၂၀

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြိုနယ် မုဒွန်းရွာကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် မီးသတ်ဌာနမှ Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် နေအိမ် ၁၆ လုံးခန့် မီးဘေးသင့်ခဲ့ရတယ်လို့ သိရပြီး မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေသွားရောက်စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ဆုံးရှုံးသွားတဲ့ အဆောက်အဦးတွေရဲ့တန်ဖိုးကိုတော့ တွက်ချက်နေဆဲဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့က ကူညီမှုတွေလုပ်ဆောင်ဖို့ရှိတယ်လို့လည်း ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

မိနစ် ၄၀ ခန့်ကြာတဲ့ မီးလောင်မှုကို မော်လမြိုင်နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တွေပါ လာရောက်ငြိမ်းသတ်ခဲ့ရပြီး မွန်းလွဲ ၃ နာရီ ၃၀ မိနစ် အချိန်တွင် မီးငြိမ်းသွားတယ်လို့ သိရပါသည်။