ဘန်ကောက်တွင် ဆေးဝါးပညာရှင်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွား

ဖေဖော်ဝါရီ ၂၀


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Charan Sanitwong လမ်းပေါ်ရှိ Tha Phra လျှပ်စစ်ရထားဘူတာရုံတွင် ဆေးဝါးပညာရှင်တစ်ဦး သေကြောင်းကြံခုန်ချခဲ့ကြောင်းသိရသည်။


သေဆုံးသူမှာ အသက် ၆၂ အရွယ်ရှိ ဆေးဝါးပညာရှင်တစ်ဦးဖြစ်ပြီး ဆေးဝါး၊ ဓာတုပစ္စည်းနှင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများတင်သွင်းသည့် ကုမ္မဏီတွင် သုတေသနမန်နေဂျာတစ်ဦးဖြစ်ကြောင်းသိရသည်။


ဒေသအာဏာပိုင်များက သေဆုံးသူမှာ ကျန်းမာရေးပြဿနာရှိနေပြီး ၎င်း၏ ဇနီးဖြစ်သူမှာလည်း ခွဲစိတ်ကုသမှုခံနေရကြောင်း ထုတ်ပြန်ခဲ့သည်။

PAN