တောင်ကိုရီးယားနည်းပြရာထူးမှ ကလင်းစမန်း ထုတ်ပယ်ခံရ

ဖေဖော်ဝါရီ ၁၉

စပါးတိုက်စစ်မှူးဟောင်းနှင့် ဂျာမနီဂန္ထဝင်ကစားသမားကြီး ဂျာကင်ကလင်းစမန်းသည် တောင်ကိုရီးယားကို ၁၂ လကြာ တာဝန်ယူခဲ့ပြီးနောက် ယခုအခါတွင် ရာထူးမှ ထုတ်ပယ်ခံလိုက်ပြီဖြစ်ပါတယ်။

ကလင်းစမန်းသည်ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် တောင်ကိုရီးယားနည်းပြအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားအထိသက်တမ်းရှိသော စာချုပ်တစ်ရပ်ဖြင့် ခန့်အပ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ အာရှဖလားဆီမီးဖိုင်နယ်မှာ ဂျော်ဒန်ကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့သလို ပွဲမတိုင်ခင်ညစာစားပွဲမှာ ထိပ်တန်းကစားသမားတွေအကြား အချင်းများမှုဖြစ်ပွားခဲ့ပါတယ်။

အဆိုပါကိစ္စကြောင့် နည်းပြကလင်းစမန်းရဲ့ဦးဆောင်မှုစွမ်းရည်အပေါ် ဝေဖန်မှုတွေရှိခဲ့ပြီး ရာထူးကနေ ထုတ်ပယ်ခံလိုက်ရကြောင်း သိရပါတယ်။