အက်ဒီ့ကာဒေသကို ရုရှားစစ်မှ အပြည့်အဝထိန်းချုပ်ကာ ရုရှားအလံလွှင့်ထူ


ဖေဖော်ဝါရီ ၁၉

ယူကရိန်း၏ နောက်ထပ် အရေးပါသောမြို့တစ်မြို့ဖြစ်သည့် အက်ဒီ့ကာမြို့ကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာခဲ့သည်။

ယူကရိန်တပ်ဖွဲ့ဝင်များ လက်နက်စွန့်လွှတ်ကာ ဆုတ်ခွာခဲ့သည့် ရုပ်သံများကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထို့နောက် အဆိုပါဒေသတွင် ရုရှားနိုင်ငံတော်အလံကို လွှင့်ထူနေသည့်ရုရှား စစ်သည်များ၏ ရုပ်သံထွက်ပေါ်ခဲ့သည်။

ရုရှားစစ်သည်များသည် ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်းများကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပြီး အဆိုပါတိုက်ပွဲတွင် ယူကရိန်းတပ်ဖွဲ့ဝင် ၁၅၀၀ ကျော် ကျဆုံးကြောင်း ဖော်ပြခဲ့သည်။

ရုရှားသည် အက်ဒီ့ကာမြို့ကို တိုက်ခိုက်အနိုင်ယူမည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ရုရှားတပ်ဖွဲ့ဝင်များမှ သိမ်းပိုက်နိုင်ခဲ့သည်။

PAN