အမြတ်ငွေ ၂၀ ရာခိုင်နှုန်းထက် တိုးမြှင့်ရောင်းချတဲ့ EV ကား ကုမ္ပဏီများကို အရေးယူမည်


ဖေဖော်ဝါရီ ၁၈

အမြတ်ငွေ ၂၀ ရာခိုင်နှုန်းထက်ပိုမိုရယူကာ ရောင်းချလျက်ရှိတဲ့ EV ကား ကုမ္ပဏီများကို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း EV သတင်းမှန်ထုတ်ပြန်ရေးအဖွဲက ပြောပါတယ်။

ဒါ့အပြင် EV ကား ရောက်ရှိခြင်းမရှိဘဲ ကြိုပွိင့်စနစ်ဖြင့် ရောင်းချသူတွေကိုလည်း ပိုကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းမည့်အပြင် စားသုံးသူရေးရာဥပ‌ဒေနှင့်ပါ အရေးယူခြင်းများ ဆောင်ရွက်သွားမယ် လိုလည်း ဆိုပါတယ်။

လျှပ်စစ်သုံးယာဉ်များ ပြန်လည်ရောင်းချရာ၌ CIF တန်ဖိုးအပေါ် အမြတ် ၂၀ ရာခိုင်နှုန်းထက် ပိုမိုရောင်းချခြင်း မပြုရန်၊ လူမှုကွန်ရက်တွင် ကြော်ငြာ၍ ရောင်းချခြင်းမပြုရန်၊ မော်တော်ယာဉ်ရောက်ရှိခြင်းမရှိဘဲ Pre Order ဖြင့် ကြိုတင်ရောင်းချခြင်းမပြုရန် အသိပေးထုတ်ပြန်ထားပြီး ဖြစ်တယ်လိုလည်း ပြောပါတယ်။

လက်ရှိအချိန်အထိ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်မည့် ကုမ္ပဏီ ၈၃ ခုအထိ ခွင့်ပြု ပေးထားကြောင်း သိရပါတယ်။