ရန်ကုန်တိုင်းဒေသကြီး၊ မြိုနယ် (၆) မြိုနယ်တို၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲ ပြုလုပ်


ဖေဖော်ဝါရီ ၁၆

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့်စည်ပင်သာယာရေးရုံးဘေး (မြနန္ဒာပန်းခြံ) ၌လည်းကောင်း၊ မြောက်ဥက္ကလာပမြိုနယ်၊ ဥက္ကလာသီရိပန်းခြံဝင်း၌လည်းကောင်း၊ လှိင် သာယာမြိုနယ်(အရှေ့ပိုင်း)၊ အောင်မြေသာယာအားကစားဝင်း၌လည်းကောင်း၊ တွံတေး-ဒလ-လှိင်သာယာ၊ ဘုရားငုတ်တိုလမ်းဆုံ၊ သန်လျင်မြိုနယ် ငြိမ်းချမ်းကွင်း၌လည်းကောင်း၊ ကျောက်တံတားမြိုနယ်၊ ဆူးလေယာဉ်ရပ်နားကွင်း ၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြသည်။

ဦးစွာ သက်ဆိုင်ရာမြိုနယ်များမှ ဒေသခံမျိုးချစ်ပြည်သူများက သတ်မှတ်နေရာအသီးသီးတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေအား အပြည့်အဝ ထောက်ခံကြိုဆိုပါသည်။ နိုင်ငံတော်အား ပြည်တွင်း/ပြည်ပ အန္တရာယ်များမှကာကွယ်ရေး တစ်မျိုးသားလုံးစစ်မှုထမ်းဆောင်စို။ ဒိုတာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် တစ်မျိုးသားလုံး စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန်တာဝန်ရှိသည်။ ပြည့်အင်အားသည် ပြည်တွင်း မှာသာရှိနေဖို စစ်ပညာသင်ကြစို။” အစရှိသည့်ပိုစတာများကိုင်ဆောင်ပြီး ကွင်းအတွင်း နေရာယူခဲ့ကြသည်။

ယင်းနောက် မျိုးချစ်ပြည်သူများက နိုင်ငံတော်အလံအားအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခြင်း၊ ဇာတိမာန်သီချင်းအား သံပြိုင်သီဆိုခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များကို အမျိုးသားရေးအင်အားစုမှ တာဝန်ရှိသူများကဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက် ဆန္ဒထုတ်ဖော်ကာ ငြိမ်းချမ်းစွာလူစုခွဲခဲ့ကြကြောင်း သတင်းရရှိသည်။