မြန်မာနှင့် ဘရာဇီးလ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များဆွေးနွေး


ဖေဆဖာ်ဝါရီ ၁၄

မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတိုအကြား ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၂ ရက်က ရန်ကုန်မြိုတွင် ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဘရာဇီးလ် သံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes တို တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတိုအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးကိစ္စ၊ နှစ်နိုင်ငံလက်မှတ် ရေးထိုးထားသည့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့် ၂၀၂၄-၂၀၂၈ ဘရာဇီးလ်-အာဆီယံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ(PCA) အောက်မှတစ်ဆင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ထိုသို တွေ့ဆုံရာတွင် နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အားကစားနှင့် ယဉ်ကျေးမှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှာဖွေနိုင်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။