ကွင်းအတွင်း မိုးကြိုးပစ်မှုကြောင့် ကစားသမားတစ်ဦးသေဆုံး


ဖေဆဖာ်ဝါရီ ၁၄

အင်ဒိုနီးရှားပြည်တွင်းကလပ်အသင်း ၂ သင်းခြေစမ်းပွဲကစားစဉ် ကွင်းအတွင်းကို မိုးကြိုးပစ်တဲ့အတွက် ကြောင့် ကစားသမားတစ်ဦး ထိမှန်သေဆုံးခဲ့ရပါတယ်။ အနောက်ဂျာဗားကျွန်း၊ ဘန်ဒေါင်း ဆလီဝမ်ဂီကစားကွင်းမှာ FLO FC အသင်းနဲ့ FBI Subang တို ခြေစမ်းကစားနေတုန်းမှာ ကွင်းထဲမိုးကြိုးပစ်ချခဲ့ပြီး ကစားသမားကို တည့်တည့်ကြီး ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

မိုးကြိုးထိမှန်မှုကြောင့် လဲကျသွားတဲ့ အသက် ၃၄ နှစ်အရွယ်ကစားသမားကို ဆေးရုံအမြန်ပိုခဲ့ကြပေမယ့် ဆေးရုံရောက်ပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့ရပါတယ်။ မိုးကြိုးပစ်ခံရလို သူ့ရဲ့ ဂျာစီအင်္ကျီတွေကလည်း စုတ်ပြဲလောင်ကျွမ်းသွားတယ်လို သိရပါတယ်။

အဆိုပါဖြစ်ရပ်ကို ရိုက်ကူးမိထားတဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာပျံ့နှံခဲ့ပြီးတော့ လူအများအပြားက ဝမ်းနည်းကြောင်းမှတ်ချက်တွေရေးခဲ့ကြပြီး ကံဆိုးလွန်းတဲ့ကစားသမားလိုပြောဆိုနေကြပါတယ်။