ဆိုစီဒက်အသင်းက ဂျပန်တောင်ပံတိုက်စစ်ကစားသမား ကူဘိုကို ၂၀၂၉ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆို

ဖေဖော်ဝါရီ ၁၄

ဂျပန်တောင်ပံတိုက်စစ်ကစားသမား တာကီဖူဆာ ကူဘိုကို ၂၀၂၉ ခုနှစ်အထိ ကာရှည်စာချုပ် စာချုပ်သက်တမ်းတိုးနိုင်ခဲ့ကြောင်း ဆိုစီဒက်အသင်းဘက်က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

အသက် ၂၂ နှစ်ရှိ ကူဘိုရဲ့ တိုးတက်လာတဲ့ခြေစွမ်းကြောင့် ပရီးမီးယားလိဂ်ကလပ်တွေအပါအဝင် ဥရောပ ထိပ်တန်းအသင်းတွေက ခေါ်ယူဖို စောင့်ကြည့်နေချိန်မှာ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

ကူဘိုဟာ ရီးရဲလ်မက်ဒရစ် လူငယ်အသင်းကနေထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပေမဲ့ ပြိုင်ပွဲအဆင့်ပွဲစဉ်တွေ ကစားခွင့်မရခဲ့ ဘဲ အငှားစာချုပ်တွေနဲ့သာ ကစားခဲ့ရတာလည်းဖြစ်ပါတယ်။ 

မာယော့ကာ၊ ဗီလာရီးယဲလ်နဲ့ ဂီတာဖေးအသင်းတွေမှာ ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၂၂ ခုနှစ်ကမှ ဆိုစီဒက်အသင်းဆီ အပြီးသတ်ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်ပါတယ်။

ကူဘိုရဲ့ ဆိုစီဒက်အသင်းဟာ (Feb.15) မြန်မာစံတော်ချိန် နံနက် ၂နာရီခွဲအချိန်တွင် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။