မြန်မာ့ရိုးရာ နတ်ကန္ဒားပွဲသို့ရောက်ရှိနေသော ရာအိမ်မှူးအား ဝေါမြို့နယ်မှအကြမ်းဖတ် PDF အဖွဲ့ကလုပ်ကြံသတ်ဖြတ်


ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုမှ ရာအိမ်မှူးအား ရိုးရာနတ်ကန္ဒားပွဲသို့ရောက်ရှိနေစဥ် အကြမ်းဖက်အဖွဲ့များမှ ချောင်းမြောင်းပစ်ခတ်လုပ်ကြံခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် သူရဲသမိန်ကျေးရွာနေ ရာအိမ်မှူးဦးစန်းဝင်းနိုင်သည် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က သူရဲသမိန်ကျေးရွာတွင် ကျင်းပနေသော ရိုးရာနတ်ကန္ဒားပွဲ ရွာတော်ရှင်နတ်ပွဲတွင်သွားရောက်၍ ကြီးကြပ်နေစဥ် အကြမ်းဖက် PDF အဖွဲ့မှ ဦးစန်းဝင်းနိုင်အားဦးခေါင်းအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။

ဝေါမြို့နယ်အတွင်းရှိ တည်ငြိမ်အေးဆေးစွာနေလိုသော ပြည်သူများအား အကြမ်းဖက်သမားများမှ မကြာခန ချောင်းမြောင်းပစ်ခတ် လုပ်ကြံသတ်ဖြတ်ခြင်း ဒလန်ဟုခေါင်းစဥ်တပ်၍ အွန်လိုင်းစာမျက်နှာများမှ ခြိမ်းခြောက်ခြင်း အမုန်းတရားကြီးထွားလာစေရန် မဟုတ် မမှန်လုပ်ကြံသတင်းအတုများ ဖန်တီးခြင်းတို့အားလုပ်ဆောင်လျှက်ရှိနေပြီး မြို့နယ်အတွင်းနေ ဒေသခံပြည်သူများမှ အကြမ်းဖက်သမားများအား စက်ဆုပ်ရွံရှာ မုန်းတီးလျှက်ရှိသည်။

PAN