ဖေဆဖာ်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွာပုလဲကျေးရွာအဝင်၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူး နှင့် တစ်ရွာတည်းနေ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီဝင် ၂ ဦးတို့ကို လူသတ်အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် လိုက်လံပစ်ခက်သဖြင့် ၁ ဦးသေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ ရွာပုလဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေး နှင့် တစ်ရွာတည်းနေ ဦးဝင်းကို တို့ ၂ ဦးသည် ဆိုင်ကယ်ဖြင့် ၎င်းတို့ နေထိုင်ရာ အုတ်ဖိုကျေးရွာသို့ ပြန်လာစဥ် အမည်မသိ လူငယ် ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် လိုက်လာပြီး သေနတ်အတို ၂ လက်ဖြင့် ပစ်ခတ်သောကြောင့် ဦးဝင်းကို၊ (ဘ)ဦးဖိုးသန်း၊ ၅၃ နှစ်၊ (ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီဝင်)တွင် နောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-တင်ပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-တံကောက်ကွေး ဖောက်ဝင် ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးသွားခဲ့ပြီး အုပ်ချုပ်ရေးမှုး ဦးသန်းဌေး(ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌ)မှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှုး ဦးသန်းဌေး နှင့် သေဆုံးသူ ဦးဝင်းကို တို့သည် ယနေ့ ကျောက်ဆည်မြို့တွင် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲမှ အပြန်တွင် အကြမ်းဖက်သမားများက ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။