ကောလင်းမြို့ရှိ အကြမ်းဖက် KIA/PDF များ၏ အလောင်းနှင့် လက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ


ဖေဖော်ဝါရီ ၁၃
ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း မြို့နှင့်အနီးဝန်းကျင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေအသေးစိတ်ရှင်းလင်းစဉ် အကြမ်းဖက် KIA/PDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် အလောင်းများ ၊လက်နက်ခဲယမ်းဆက်စပ်ပစ္သည်းများ သိမ်းဆည်းရရှိကြောင်း သိရှိရပါသည်။

တပ်မတော်စစ်ကြောင်းများက ကောလင်းမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ရာ ကောလင်းမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်အဖွဲ့များ ဆုတ်ပြေးရာလမ်းကြောင်းများကို လိုက်လံချေမှုန်းရှင်းလင်းရာ ကောလင်းမြို့အနီးဝန်းကျင်တွင် အကြမ်းဖက်အဖွဲ့များထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး KIA/PDF အကြမ်းဖက်အလောင်း ၇ လောင်း၊ အမ်-၂၁ သေနတ် ၁လက်၊ အမ်-၂၂ သေနတ် ၁ လက်၊ အီတလီနိုင်ငံထုတ် ပစ္စတိုသေနတ် ၁ လက်၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၃ လက်၊ ကျည်အိမ် ၃ ခု၊ ကျည်မျိုးစုံ ၅၇ တောင့်၊ မိုင်းမျိုးစုံ ၄ လုံး၊ လက်လုပ်တိုက်ခလုပ် ၇ စုံ၊ ပြောက်ကျားယူနီဖောင်း ၁ စုံတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews