ကုန်စျေးနှုန်းသတင်း


ဖေဖော်ဝါရီ ၁၃

ဖေဖော်ဝါရီလ ၁၃ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေ အရ ကုလားပဲဖြူလုံး၊ မတ်ပဲနဲ့ ပဲစဉ်းငုံနီဈေးတွေ ကျဆင်းလာပြီး အခြားပဲအများစု ဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူဈေးတွေ အနည်းငယ် တက်လာပေမယ့် အာလူးနဲ့ မန်ကျည်းသီးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်း ကို ၁၀၂,၆၉၆ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၉,၁၂၅ ကျပ်၊ မတ်ပဲ (Raw) တစ်တင်းကို ၅,၁၀၅ ကျပ်ကနေ ၅,၁၄၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၇,၈၃၂ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၁၅၀ ကျပ်ကနေ ၁,၁၇၀ ကျပ်၊ ကုလားပဲဖြူလုံးအသေး တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၄,၇၅၀ ကျပ်၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ၄,၇၅၀ ကျပ်ကနေ ၄,၉၂၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၂,၈၃၀ ကျပ်ကနေ ၄,၅၀၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာ ကို ၃,၈၃၀ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၁၆၅ ကျပ်ကနေ ၄,၂၈၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၃၇၅ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၂,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၉,၀၀၀ ကျပ်ကနေ ၉,၂၀၀ ကျပ်၊ ငရုတ် (ဆင်ဖြူကျွန်း) တစ်ပိဿာကို ၁၆,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၁,၄၀၀ ကျပ်ကနေ ၂,၉၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၉၃၀ ကျပ်ကနေ ၃,၉၇၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၅,၄၀၀ ကျပ်၊ ကြံသကာ တစ်ပိဿာကို ၂,၇၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၇၀၀ ကျပ်ကနေ ၂,၉၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာ ကို ၁၀,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ငါးပုတ်သင် တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၂၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက် အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၆၅ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃,၅၁၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၂,၆၄၀ ကျပ် ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ –
-Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၆၈၅ ကျပ်၊ မန္တလေးမှာ ၂,၇၃၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၂၅ ကျပ်။
-Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၀၅ ကျပ်၊ မန္တလေးမှာ ၂,၈၅၅ ကျပ်၊ နေပြည်တော်မှာ၂,၈၅၀ ကျပ်။
-ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၂၅ ကျပ်၊ မန္တလေးမှာ ၂,၅၇၀ ကျပ်၊ နေပြည်တော်မှာ ၂,၅၆၅ ကျပ်။
-Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၇၀ ကျပ်၊ မန္တလေးမှာ ၂,၆၂၀ ကျပ်၊ နေပြည်တော်မှာ၂,၆၁၅ ကျပ် ရှိနေပါတယ်။


ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၃,၆၄၅,၀၀၀ိ/-) သုံးဆယ် ခြောက်သိန်း လေးသောင်း ငါးထောင် ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ (၃,၈၇,၀၀၀ိ/-) သုံးဆယ် ရှစ်သိန်း ခုနစ်သောင်း ကျပ် ရှိနေတယ်လို သိရပါတယ်။