ဘီးလင်းမြို့၊ ပြည်ထောင်စုနေ့အခမ်းအနား၌ ဒေသခံများကို စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံ


ဖေဖော်ဝါရီ ၁၂

ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်၊ မြို့နယ်‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် (၇၇ ) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဂုဏ်ပြုတပ်ဖွဲ့ဖြင့် နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြု ခြင်းများဆောင်ရွက်ခဲ့ကာ အလံတင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အလံတင်အခမ်းအနားအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာနဥက္ကဌမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဆက်လက်ဖတ်ကြားပြီး အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီးအခမ်းအနားကို မြို့နယ်ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင်မှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူး(ယာယီ)နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား ၇၀ ဦးခန့်က တက်ရောက်ခဲ့ပြီး အခမ်းအနားကြိ ၇ နာရီ ၃၀ မိနစ်အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နံနက် ၈ နာရီအချိန်မှ ၁၀ နာရီအချိန်ထိ ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်ရှိ မြို့နယ်ဘောလုံးအားကစားကွင်း၌ ဌာနဆိုင်ရာများမှ ပြည်သူများကို ရခိုင်မုန့်တီ၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော် စသည့်စားသောက်ဖွယ်ရာများကို စတုဒီသာကျွေးမွေးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ဆောင်ရွက်ကာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

PAN