နိုင်ငံရဲ့လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းလောက် တိုးတက်နေတယ်လို လျှပ်စစ် စွမ်းအားဝန်ကြီးပြော


ဖေဖော်ဝါရီ ၁၂

နိုင်ငံရဲ့လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းလောက် တိုးတက်နေတယ်လို အမျိုးသား အဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိဓာတ်အားစနစ်မှာ ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ် အချိုးအစား Generation Mix အနေနဲ့ ရေအား Hydropower မှ ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင် Solar and RE က ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အပူစွမ်းအင် Gas+ LNG+ Coal က ၅၀ ဒသမ ၇ ရာခိုင်နှုန်း တိုနဲ့ ထုတ်လုပ်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အား ရရှိမှုအချိုး Electrification Ratio အနေနဲ့ ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းကျော် ရရှိသုံးစွဲနေကြတာဖြစ်ကြောင်း ၎င်းက အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (National Renewable Energy Committee-NREC) ရဲ့ လုပ်ငန်းညှိနှိင်းအစည်းအဝေးမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတော်ဓာတ်အားစနစ်နဲ့ ချိတ်ဆက်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ခြောက်ရုံရှိသလို တည်ဆောက်ဆဲစီမံကိန်း ၁၁ ခုရှိပါကြောင်းသိရှိရပါတယ်။ ဒါအပြင် NREC ကော်မတီအနေနဲ့လျှပ်စစ်ကဏ္ဍမှာ ပြန်ပြည့်မြဲစွမ်းအင်မှ ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရေးနဲ့ Green Growth, Green Energy, Green Economy ဖြစ်စေရေးမှာ တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်နေကြောင်း သိရပါတယ်။