ဆိုင်ကယ်အား ဝင်တိုက်​ပြီး ​မောင်းနှင်ထွက်​​ပြေးသွားသည့် မော်တော်ယာဥ် မီးလောင်လျက်တွေ့ရှိ


ဖေဖော်ဝါရီ ၁၂

ရန်-မန်းလမ်းဟောင်း မိုင်တိုင်အမှတ် ၂၃၅ ရှေ့တွင် Mark ll အဖြူရောင်ယာဉ် မှ Honda Click ဆိုင်ကယ်အနီရောင်အား နောက်မှတိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်၊ မိုးသောက်ကြယ် ဆီဆိုင်ရှေ့တည့်တည့်တွင် ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ခန့်က ပျဉ်းမနားဘက်မှ တပ်ကုန်းဘက်သို့(ယာဉ်မောင်းစုံစမ်းဆဲ)မောင်းနှင်လာသော Mark ll အဖြူရောင်ယာဉ် မှ လားရာတူ မောင်းနှင်လာသော ဆိုင်ကယ်ယာဉ်မောင်း ဦးစိုးခိုင်၊အသက် ၃၁၊ (ဘ)ဦးမောင်လှ၊ ပုပ္ပါးကုန်းရပ်ကွက်‌ နေသူ Honda Click ဆိုင်ကယ်အနီရောင်အား နောက်မှတိုက်မိရာ ဆိုင်ကယ်ယာဉ်မောင်းတွင် ဝဲပါး၊၀ဲလက်ဖျံ ပွန်းပဲဒဏ်ရာ၊ ဝဲဒူး ပွန်းပဲဒဏ်ရာများရရှိသဖြင့် ကုတင်-၃၀၀ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ယာဥ်တိုက်မှု​​ဖြစ်ပွားသည့် ကားမှာ ထွက်ပြေးမောင်းနှင်သွားသဖြင့် ဖမ်းဆီးရမိရေးလိုက်လံစုံစမ်းရာ မိုင်တိုင်အမှတ် ၂၃၇/၂ နှင့် ၂၃၇/၃ ကြား မရင်းကြီး‌ကျေးရွာနှင့် ဇေယျာသီရိမြို့နယ်တရားရုံးအ၀င် လမ်းကြားတွင် မီးလောင်နေကြောင်း၊ ယာဥ်‌မောင်းမှာ ထွက်ပြေးသွားသဖြင့် ပုပ္ပါးကုန်းရပ်ကွက်နယ်‌မြေ မီးသတ်တပ်ဖွဲ့မှ မီးလောင် နေသည့်ကားအား ပူးပေါင်းမီးငြိမ်းသတ်ပေးပြီး ယာဉ်မောင်းကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

PAN