“ပိုလန်နှင့် လက်ဗီးယား ကိုတိုက်ရန် စိတ်မဝင်စားကြောင်း သမ္မတ ပူတင် ပြောကြား”

ဇန်နဝါရီလ ၁၁


ပိုလန်နှင့် လက်ဗီးယား ကို စစ်ရေးအရတိုက်ခိုက်၍ ယူကရိန်းစစ်ပွဲကို စစ်ဘောင်ချဲ့ရန် စိတ်မဝင်စား ကြောင်း အမေရိကန်ရုပ်သံသတင်းသမား တပ်ကာကာလ်ဆန် နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင် ရုရှားသမ္မတ ပူတင် က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံအနေဖြင့် ပိုလန် သို့မဟုတ် လက်ဗီးယား မည်သည့်နိုင်ငံကိုမျှ တိုက်ခိုက်ရန် စိတ်မဝင် စားကြောင်း၊ ပိုလန်နှင့် လက်ဗီးယား ကို တိုက်ခိုက်ခြင်းဖြင့် ရုရှားအတွက် အကျိုးအမြတ်မရှိကြောင်း သမ္မတ ပူတင် က ပြောကြားခဲ့သည်။
အမေရိကန်ရုပ်သံသတင်းသမား တပ်ကာကာလ်ဆန် နှင့် ရုရှားသမ္မတ ပူတင် တို့၏ နှစ်နာရီကျော်ကြာ တွေ့ဆုံမေးမြန်းခန်းကို ရုရှားမီဒီယာများက ဖေဖော်ဝါရီလ ၈ ရက်တွင် ထုတ်လွှင့်ပြသခဲ့သည်။
ရုပ်သံသတင်းသမား တပ်ကာကာလ်ဆန် သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ရုရှားသမ္မတ ပူတင် နှင့် တွေ့ဆုံ မေးမြန်းခွင့်ရရှိခဲ့သည့် ပထမဆုံးအမေရိကန် သတင်းသမားဖြစ်သည်။
ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ တပ်ကာကာလ်ဆန် ၏ သတင်းတင်ပြချက်များမှာ အခြားအနောက်အုပ်စု မီဒီယာများ၏ တစ်ဖက်သတ်သတင်းတင်ပြပုံနှင့် ခြားနားသည်ဟု ရုရှားအစိုးရက ပြောကြားထားကြောင်း သိရသည်။
#PAN

Telegram link

https://t.me/positiveanglenews