၀င်ငွေအများဆုံးရ အားကစားသမားစာရင်းတွင် စီရော်နယ်ဒို ထိပ်ဆုံးက ရပ်တည်

ဖေဖော်ဝါရီ ၉

၂၀၂၃ ခုနှစ်၏ ဝင်ငွေအများဆုံးရရှိတဲ့ အားကစားသမားစာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက နံပါတ်တစ်နေရာမှာရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

အားကစားစီးပွားရေးဝက်ဘ်ဆိုက်ဖြစ်သည့် Sportico က ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမား(၁၀၀) စာရင်းကို ထုတ်ပြန်ခဲ့ရာ စီရော်နယ်လ်ဒိုက ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုသည် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံမှ တစ်နှစ်လစာ ပေါင်(၁၇၅)သန်းရရှိသည့်အပြင် အခြားစပွန်ဆာစာချုပ်များမှလည်း ပေါင်သန်း(၄၀)ကျော်ရရှိသည့်အတွက် တစ်နှစ်ဝင်ငွေ ပေါင်(၂၁၈)သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒုတိယနေရာတွင် စပိန်ဂေါ့ဖ်ကစားသမား ဂျွန်ရမ်းက ပေါင်(၁၆၁)သန်းဖြင့် ရပ်တည်ခဲ့ပြီး အင်တာမိုင်ယာမီအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပေါင်(၁၀၃)သန်းဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့ပါတယ်။

ထိပ်တန်း အားကစားသမား  ၁၀ ဦးစာရင်းမှာ ဘောလုံးသမား ၄ ဦးသာပါဝင်ပြီး ပီအက်စ်ဂျီက အမ်ဘာပေက ကန်ဒေါ်လာ ၁၂၅ သန်းနဲ့ အဆင့်၅ ၊ အယ်ဟီလယ်က နေမာက ကန်ဒေါ်လာ ၁၂၁ သန်းနဲ့ အဆင့် ၆ နေရာတွေမှာ အသီးသီး ရပ်တည်နေပါတယ်။

ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ  လီဘရွန်ဂျိမ်းစ်အပါအဝင် NBA ဘက်စကတ်ဘောကစားသမား ၄ ဦးနဲ့ အမေရိကန်ဘောလုံး ကစားသမားတစ်ဦးတို့ ပါဝင်ပါတယ်။