အီရန်ကျောထောက်နောက်ခံပြုထားသည့် လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးကို အမေရိကန်က ဒရုန်းဖြင့်တိုက်ခိုက်ရှင်းလင်း

ဖေဖော်ဝါရီ ၈

အီရန်နိုင်ငံမှ ကျောထောက်နောက်ခံပြုထားသည့် လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးကို အီရက်နိုင်ငံ ဘဂ္ဂဒတ်မြို့တွင် အမေရိကန်က ဒရုန်းဖြင့်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်းသိရသည်။


Kataib Hezbollah အဖွဲ့၏ ခေါင်းဆောင်တစ်ဦးနှင့် အဖွဲ့ဝင်နှစ်ဦးသည် မြို့တော်၏ အရှေ့ဘက်တွင် ရှိနေချိန် ၎င်းတို့မောင်းနှင်လာသည့် မော်တော်ယာဉ် တိုက်ခိုက်ရှင်းလင်းခံခဲ့ရပြီး သုံးဦးလုံးသေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုအား ပင်တဂွန်စစ်ဌာနချုပ်မှ ဒေသတွင်းအမေရိကန်တပ်ဖွဲ့များအား ညွှန်ကြားခဲ့ကြောင်း ထုတ်ပြန်ထားသည်။


အဆိုပါလုပ်ကြံမှုသည် လူရှုပ်ထွေးသည့် လမ်းပေါ်တွင် တိကျသည့်တိုက်ခိုက်မှုဖြစ်ပြီး ကျယ်လောင်သည့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်းသိသည်။


သေဆုံးသူများထဲမှာ Kataib Hezbollah အဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ အဘူဘာကာအယ်လ်ဆာဒီ ဖြစ်ကြောင်း ပင်တဂွန်မှ ထုတ်ပြန်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် ဒေသခံများတိခိုက်မှု အရိပ်အယောင်မတွေ့ရကြောင်း ဆိုသည်။


အဆိုပါတိုက်ခိုက်မှုအပြီးတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာတွင် ဒေသခံများက စုဝေးဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီး “အမေရိကန်သည် အကြီးမားဆုံးသော နတ်ဆိုး” ဟု ကြွေးကြော်ခဲ့ကာ သတင်းရယူရန် သွားရောက်ခဲ့သည့် အနောက်နိုင်ငံမီဒီယားများအား မောင်းထုတ်ခဲ့ကြောင်းသိရသည်။

PAN