ပြည်တွင်းကို EV ကားတွေ တင်သွင်းဖို ကုမ္ပဏီ ၈၃ ခုကို လုပ်ကိုင်ခွင့်ပြုထား


ဖေဖော်ဝါရီ ၈

ပြည်တွင်းကို EV ကားတွေတင်သွင်းဖို ကုမ္ပဏီ ၈၃ ခုကို လုပ်ကိုင်ခွင့်ပြုထားတယ်လို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်‌ရေးကော်မတီရဲ့ EV သတင်းမှန်ထုတ်ပြန်ရေးက ထုတ်ပြန် ထားလိုက်ပါတယ်။

အခုဖေဖော်ဝါရီလစပြီးတော့ Brand Showroom ဖွင့်လှစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိတဲ့ ကုမ္ပဏီများကို သာ EV ကားများအတွက် သွင်းကုန်လိုင်စင်ချပေးမယ်လိုလည်းဆိုပါတယ်။ လက်ရှိမှာ EV ကားတင်သွင်းဖိုအတွက် ကုမ္ပဏီ ၈၀ ကျော်ကိုမူအားဖြင့်ခွင့်ပြုထားပေမယ့် ကုမ္ပဏီ ၃၀ ကျော်ခန့်ကသာ တင်သွင်းနေတယ်လို သိရပါတယ်။
ပြည်တွင်းမှာ လျှပ်စစ်သုံးယာဉ် EV တင်သွင်းနိုင်ရန် ခွင့်ပြုပေးထားတဲ့ ကုမ္ပဏီအရေအတွက်များလာပေမယ့် EV ကား ပိုမိုတင်သွင်းလာနိုင်မှုဟာ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီရဲ့ EV ကားများအတွက် ခွင့်ပြုပေးတဲ့ နိုင်ငံခြားငွေသုံးစွဲနိုင်မယ့် ပမာဏအပေါ်မှာသာ မူတည်တယ်လို သိရပါတယ်။

လက်ရှိပြည်တွင်းကားဈေးကွက်အတွင်း စက်သုံးဆီဈေးတွေ အဆမတန်မြင့်တက်နေလို လျှပ်စစ်သုံးယာဉ် EV ကားတွေ အဝယ်လိုက်နေတယ်လိုလည်း ဆိုပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် The Golden Octopus Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Honda ENS1 အမျိုးအစားလျှပ်စစ်သုံး မော်တော်ယာဉ်များ၊ Amazing Auto Co., Ltd. ကတင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dayun Yuehu S1 (VIP Edition) အမျိုးအစားလျှပ်စစ်သုံး မော်တော်ယာဉ်များ၊ Earth Renewable Energy Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD D1 အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Yaung Ni Oo Automobile Co., Ltd. ကတင်သွင်းလာသော တရုတ်နိုင်ငံထုတ် DFSK Seres-5 အမျိုး အစား လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် Dongfeng Motor Corporation Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များဟာ ရန်ကုန်ဆိပ်ကမ်းသိုရောက်ရှိလာပြီလို သိရပါတယ်။