တရုတ်တွင် သွားရောက် အလုပ်လုပ်ကိုင်သည့် မြောက်ကိုရီးယားနိုင်ငံသားများ အမြတ်ထုတ်ခံနေရဟုဆို

ဖေဖော်ဝါရီ ၈

ပြီးခဲ့သည့်လတွင် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်သည့် မြောက်ကိုရီးယားနိုင်ငံသားများအား လစာမပေးသည့်အတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။


အတည်မပြုမနိုင်သည့် သတင်းများအရ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသော မြောက်ကိုရီးယားနိုင်ငံသား ထောင်ပေါင်းများစွာသည် အစိုးရအကို ပေးဆောင်ရန် ဝင်ငွေရှာနေရကြောင်းသိရသည်။


ပြီးခဲ့သည့် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြောက်ကိုရီးယား အထည်ချုပ်စက်ရုံ အများအပြားတွင် အဓိကရုဏ်းများဖြစ်ပေါ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။


ယခင်ကလည်း မြောက်ကိုရီးယားနိုင်ငံ၏ ပြည်ပထွက်ခွာလုပ်ကိုင်ရသည့် လုပ်သားများသည် ဝင်ငွေ၏ ရာခိုင်နှုန်းအချို့ကိုသာ လက်ခံရရှိခဲ့ကြောင်းသိရသည်။


ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မြောက်ကိုရီးယားသည် အရာရှိအချို့စေလွှတ်ကာ အလုပ်သမားများအား လုပ်အားခအချို့ ပေးဆောင်ရန် စီစဉ်နေသေည်လည်း ကျန်ရှိနေဆဲဖြစ်ကြောင်းသိရသည်။

PAN