UNRWA ကို ဂါဇာကနေ ဖယ်ရှားဖို့ လုပ်ဆောင်နေပါသည် ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz ပြောဆို

ဖေဖော်ဝါရီ ၆

       အစ္စရေးသည် ကုလသမဂ္ဂ၏ ပါလက်စတိုင်း
ဒုက္ခသည်ကယ်ဆယ်ရေး အေဂျင်စီ UNRWA ကို ဂါဇာမှဖယ်ရှားရန် ခြေလှမ်းများ လုပ်ဆောင်နေသည်ဟု နိုင်ငံခြားရေးဝန်ကြီး Israel Katz က  တနင်္ဂနွေနေ့၌ X (Twitter) ပို့စ်တစ်ခုတွင် ပြောကြားခဲ့ပြီး ကုလသမဂ္ဂအေဂျင်စီကို ဟားမတ်စ်များ လည်ပတ်သည့် နယ်မြေအတွင်း ” ပြဿနာ ၏ တစ်စိတ်တစ်ပိုင်း”အဖြစ် တံဆိပ်တပ်ခဲ့ကြောင်း သိရပါသည်။

      ထို့အပြင် အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Israel Katz က အစ္စရေးသည် ဂါဇာကမ်းမြှောင်ရှိ UNRWA အတွက် အခြားနည်းလမ်းရှာဖွေလျှက် ရှိသည်ဟု ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Stephane Stéjourne နှင့် ယမန်နေ့၊ တနင်္လာ နေ့၊ ဂျေရုဆလင်၌ တွေ့ဆုံစဉ် ပြောကြားခဲ့ပြီး ဂါဇာရှိ ဓားစားခံများထံ ဆေးဝါးများရောက်ရှိမှု အထောက် အထားအတွက် ကာတာကို ဖိအားပေးရန် Stéjoume ကိုပြောကြားခဲ့သည်ဟု ဆိုသည်။

      ပြင်သစ်နှင့် ကာတာတို့သည် ဇန်နဝါရီလလယ်တွင် ဟားမတ်စ်တို့ ဖမ်းဆီးထားသည့် အစ္စရေး ဓားစားခံများထံ ဆေးဝါးများ ဝယ်ယူပေးပို့ရန် ညှိနှိုင်းလုပ် ဆောင်ခဲ့သော်လည်း အစ္စရေးမှ ၎င်းဆေးဝါးများ ဓားစားခံများဆီသို့ ရောက်ရှိသည်ဟု အထောက်အမရရှိခဲ့ဟုဆိုသည်။ အစ္စရေးသည် မိမိကိုယ်ကို ကာကွယ်ရန် အခွင့်အရေးရှိသည့်အပေါ် အားပေးထောက်ခံမှုနှင့် UNRWA ရန်ပုံငွေ ရပ်ဆိုင်းမှုတို့အတွက် Stéjourné ကို ကျေးဇူးတင်သည်ဟုပြောကြားခဲ့သည်။

     Stejourné သည် ၄ ရက်ကြာ ခရီးစဉ်အဖြစ် Ramallah နှင့် Beirut သို့ ဆက်လက် သွား ရောက်မည်ဖြစ်ပြီး အီဂျစ်နှင့် ဂျော်ဒန်ကို ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ နွေနေ့က သွားရောက်ခဲ့သည်။

      ၎င်းသည် ဝန်ကြီးချုပ် နေတန်ညာဟု ၊ Strategic Affairs ဝန်ကြီး Ron Dermer ၊
အမျိုးသားလုံခြုံရေးအကြံပေး Tzachi Hanegbi နှင့် အတိုက်အခံ ခေါင်းဆောင် Yair Lapid တို့နှင့်လည်း ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း Time of Israel သတင်းအရ သိရှိရပါသည်။