ယူကရိန်းနွယ်ဖွား ဂျပန်အလှမယ် အိမ်ထောင်သည်တစ်ဦးနှင့်ပတ်သက်သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် သရဖူကိုစွန့်လွှတ်


ဖေဖော်ဝါရီ ၆

ယူကရိန်းနွယ်ဖွားအလှမယ် ကာရိုလိုင်းနား ရှီနိုသည် အိမ်ထောင်သည်တစ်ဦးနှင့်ပတ်သက်သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် အလှမယ်သရဖူကို စွန့်လွှတ်လိုက်ကြောင်းသိရသည်။

ရှီနိုသည် ၂၀၂၄ ခုနှစ် Miss Japan အဖြစ်အရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ဂျပန် အသိုင်းအဝိုင်များအကြား အငြင်းပွားမှုများ ပေါ်ထွက်လာခဲ့သည်။
အလှမယ်ရှီနိုသည် အိမ်ထောင်ရှိ ဆရာဝန်အမျိုးသားတစ်ဦးနှင့် စေ့စပ်ထားကြောင်း ပြည်တွင်းမဂ္ဂဇင်းတစ်စောင်မှ ဖော်ထုတ်ရေးသားခဲ့ပြီး ၎င်းအနေဖြင့်အဆိုပါအမျိုးသား လက်ထပ်ခဲ့ခြင်းအား မသိရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါဖြစ်ရပ်အတွက် Miss Japan Association က လူသိရှင်ကြား တောင်းပန်ခဲ့ပြီး အလှမယ်ရှီနို၏ သရဖူစွန့်လွှတ်မှုကို လက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

PAN