မဂ်လာဒုံမြို့နယ်တွင် ကျွန်းသစ်မှောင်ခိုကားနှင့်အိမ်စီးကားတို့ ယာဥ်တိုက်မှုဖြစ်ပွားရာ တစ်ဥိီးသေဆုံး


ဖေဖော်ဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ မဂ်လာဒုံမြို့နယ် သဃ်န်းကျွန်းကြီးကျေးရွာအုပ်စုအမှတ် (၃)လမ်းမ ညောင်ပင်မှတ်တိုင်နှင့်တာမင်နယ်ဆီဆိုင်အကြားတွင်ယာဉ်တိုက်မှု့ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၁ နာရီအချိန်ခန့်က တာမက်နယ်ဆီဆိုင်ဘက်မှ ပုလဲလမ်းဆုံဘက်သို့ ဦးတည်မောင်းနှင်လာသော ကျွန်းသစ်မှောင်ခိုကားအား သင်္ဃန်းကျွန်းကြီးကားမှတ်တိုင်ဘက်မှအမှတ် (၃) လမ်းဆုံဘက်သို့ အရှိန်ပြင်စွာ မောင်းနှင်လာသောအိမ်စီးကားတစ်စီးဖြင့် ဝင်တိုက်မိခဲ့​ပြီး အိမ်စီးကားယာဉ်မောင်း ဟန်ဝင်းအောင် အင်းစိန်မြို့နယ် နေထိုင်သူမှာအခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း၊ သစ်မှောင်ခိုယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ယာဉ်တိုက်မှု့ဖြစ်စဉ်တွင် သေဆုံးသူယာဉ်မောင်း၏ ကားအတွင်းမှ ၁၀၀၀၀ တန် ငွေစက္ကူရွက်ရေ ၁၀၀ ပါ ၄၀ အုပ်၊ ကျပ်သိန်း ၄၀၀၊ ၅၀၀၀ ကျပ်တန် ၁၀၀ ရွက်ပါ ၃၃ အုပ်၊ ဆယ့်ခြောက်သိန်းငါးသောင်း၊ ငွေစက္ကူမျိုးစုံ ၁၂၄၀၀၀၀ ဆယ့်နှစ်သိန်းလေးသောင်း၊ စုစုပေါင်း ၅၇၇၄၀၀၀၀ ငါးရာခုနှစ်ဆယ့်ခုနှစ်သိန်းလေးသောင်း၊ အမေရိကန်ဒေါ်လာ၁၀၀ တန် ၃ ရွက်၊ ၁၀ တန် ၉ ရွက် ၊၁ ဒေါ်လာတန် ၁ ရွက်၊ စုစုပေါင်း၃၉၁ ဒေါ်လာ ၊ ဘဏ်ကဒ် ၃ ကဒ်ဘဏ်စာအုပ် တစ်အုပ် I phone ၂ လုံးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ သစ်မှောင်ခိုကားပေါ်တွင်ကျွန်းသစ် ၁၀ လက်မ ၆ လက်မထုအရှည် ၁၄ ပေခန့်ရှိ ကျွန်းစကွဲယားတုံး ၆၈ တုံး ၅ တန်ကျော်ခန့်ရှိကျွန်းသစ်များအား ​တွေ့ရှိရပြီး တာဝန်ရှိသူများမှ တည်ဆဲဥပဒေများနှင့် အညီ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိသည်။

PAN