ဘီးလင်းမြို့နယ်၊ ကျောင်းအခြေပြု ဆုံစို့ -မေးခိုင် ကာကွယ်ဆေးထိုးနှံပေး


ဖေဖော်ဝါရီ ၆

ယနေ့ နံနက် ၉ နာရီအချိန်မှ ၁၂ နာရီအချိန် အထိ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက် အ.ထ.က (ဘီးလင်း) ကျောင်း ပညာ့အားမာန်ခန်းမ၌ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/သူများအကိုကျောင်းအခြေပြု ဆုံစို့ – မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရှ်ိရပါသည်။

အဆိုပါကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်နှင့်ကလေးကျန်းမာ ရေးဆရာမနှင့် ကျန်းမာရေးဝန်ထမ်းများက ပထမနေ့အဖြစ် ဘီးလင်းမြို့နယ် အုပ်စု ၁ အတွင်းပါဝင်သော အခြေခံပညာကျောင်း ၇ ကျောင်းမှ (KG) တန်းကျောင်းသား၊ ကျောင်းသူ ၂၅၄ ဦးတို့ကို ဆုံစို့ – မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း၊ ဘီးလင်း မြို့နယ်တွင် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမည့်ကျောင်း ၁၅ ကျောင်းမှ (KG)တန်းကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၃၇၅ ဦးရှိပြီး ကျန်ရှိနေသေးသောကျောင်း ၈ ကျောင်းမှ (KG)တန်းကျောင်းသား၊ကျောင်းသူ ၁၂၁ ဦးတို့ကို ဆုံစို့-မေးခိုင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

#PAN