နွားထိုးကြီးမြို့နယ်၊ မြင်းခြံ-ရေဝန်းသွား ကားလမ်းမဘေးတွင် အမည်မသိ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေ


နွားထိုးကြီးမြို့နယ်၊ မြင်းခြံ-ရေဝန်းသွား ကားလမ်းမဘေးတွင် အမည်မသိ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေ


ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းခြံ-ရေဝန်းသွား ကားလမ်းမဘေး၊ မိုင်တိုင်အမှတ်(၂၅/၀)၊ ရှောက်တောရိုးကွေ့၌ ယနေ့နံနက် ၁၁ ခွဲအချိန်ခန့်က အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။

အဆိုပါ သေဆုံးနေသည့် အမည်မသိ၊ အသက် ၄၅ နှစ်ခန့်၊ အဖြူရောင် အင်္ကျီလက်ရှည်၊ ဖြူ/ပြာရောင် ကွက်ကြဲပုဆိုး ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးအား ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မေးစေ့ ယာဘက်ခြမ်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက် ဂျိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း သိရှိရသည်။

PAN