ဖေဖော်ဝါရီ ၆
ရိုးမားအသင်းဟာ နည်းပြ မော်ရင်ဟို ကို ထုတ်ပယ်ပြီးတဲ့နောက်မှာတော့ စီးရီးအေမှာ ၃ ပွဲဆက် အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို ပြန်လည်နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။
ရိုးမားအသင်းကို မော်ရင်ဟို နည်းပြနေစဉ်မှာ ဥရောပဆုဖလားဖြစ်တဲ့ ယူရိုပါကွန်းဖရန့်လိဂ်ကို ရယူနိုင်ခဲ့သလို ယူရိုပါလိဂ်ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ သိုသော်လည်း ရိုးမားအသင်းနဲ့အတူ လက်ရှိ ရာသီမှာ ရလဒ် တွေ ဆိုးရွားနေတာကြောင့် ဘုတ်အဖွဲက နည်းပြ မော်ရင်ဟို ကို စိတ်မရှည်တော့ဘဲ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြမော်ရင်ဟို ကို ထုတ်ပယ်ပြီးချိန်မှာတော့ ရိုးမားအသင်းဟာ ရလဒ်များ ပြန်လည်ကောင်းမွန်လာပြီး စီးရီးအေ ၃ ပွဲဆက်အနိုင်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာကို တက်ရောက်လာခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့်ရရှိနိုင်ဖို နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။