ဒဏ်ရာကြောင့် အနည်းဆုံး(၈)ပတ်ခန့်အနားယူရမယ့် မာတီနက်ဇ်

ဖေဖော်ဝါရီ ၆

မန်ယူနောက်ခံလူ မာတီနက်ဇ်ဟာ ဝက်စ်ဟမ်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအတွင်း ဒူးအရွတ်ကြောပျက်စီးတဲ့ဒဏ်ရာရခဲ့တာကြောင့် အနည်းဆုံး ၈ ပတ်ခန့်နားရမယ်လို့ မန်ယူအသင်းက အတည်ပြုကြေညာလိုက်ပါတယ်။

အသက်(၂၆)နှစ်ရှိ မာတီနက်ဇ်ဟာ ခြေဖဝါးဒဏ်ရာကြောင့် (၃)လကျော်ကြာအနားယူခဲ့ရပြီးနောက် သူ့ရဲ့တတိယမြောက်လိဂ်ပွဲမှာ ဒဏ်ရာရခဲ့တာပါ။ မာတီက်ဇ်ရဲ့ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုလုပ်ဖို့ မလိုအပ်ပေမယ့် ဧပြီလအထိ အနားယူရဖို့ရှိနေပါတယ်။

မက်တီနက်ဇ်ဟာ ၂၀၂၂ ဇူလိုင်မှာ မန်ယူကို ရောက်လာခဲ့ပြီးနောက် ပြိုင်ပွဲစုံ(၅၅)ပွဲကစားပေးထားပါတယ်။

မန်ယူအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေး ဇယားရဲ့ အဆင့်(၆)နေရာကို တက်ရောက်လာနိုင်ခဲ့ပါတယ်။