တောင်ကိုရီးယားနှင့် ဆော်ဒီအာရေဗျ တိုက ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို လက်မှတ်ထိုး


ဖေဖော်ဝါရီ ၆

တောင်ကိုရီးယားနှင့် ဆော်ဒီအာရေဗျနိုင်ငံတိုက ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေး အတွက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ သဘောတူစာချုပ် အရ လက်နက်စနစ်များ သုတေသနပြုလုပ်မှုနှင့် ဖွံဖြိုးတိုးတက်မှု လုပ်ဆောင်ရေးအတွက်သာမက ကာကွယ်ရေး တွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်နိုင်စေရန် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်မှုတို အတွက် လုပ်ငန်းဆောင်ရွက်ရေးအဖွဲကို ဖွဲစည်းနိုင်ရေး ပူးတွဲကော်မတီ တစ်ရပ်ကို တည်ထောင်သွားမည် ဖြစ်သည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ် သည် ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ ကာကွယ်ရေးဆိုင်ရာပြပွဲသို တက်ရောက်စဉ် အဆိုပါ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ် ကြောင်း တောင်ကိုရီးယားကာကွယ်ရေးပစ္စည်းဝယ်ယူမှု အစီအစဉ်အုပ်ချုပ်မှုအဖွဲက ထုတ်ပြန်ထားသည်။ ထိုပြင် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးသည် ဆော်ဒီအာရေဗျကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်ရေးမိတ်ဖက်ပူးပေါင်းမှုတို ခိုင်မာစေရေးအတွက် ဆွေးနွေးမှု များ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံသည် စစ်လက်နက်ပစ္စည်းများကို ထုတ်လုပ်တင်ပိုရောင်းချနေသောနိုင်ငံတစ်နိုင်ငံ ဖြစ်လာစဉ် အရှေ့အလယ်ပိုင်းဒေသ၌ ၎င်းတိုအတွက် အလားအလာရှိသည့် ဝယ်လက်များကို ရှာဖွေလျက် ရှိသည်။ တောင်ကိုရီးယားနိုင်ငံ က ရောင်းချရသော စစ်လက်နက်ပစ္စည်းများ၏ တန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၅ ဘီလီယံဖိုးသာ ရှိရာမှ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၁၇ ဘီလီယံအထိ မြင့်တက်လာ သည်။ တစ်ချိန်တည်းမှာပင် တောင်ကိုရီးယား နိုင်ငံက အရှေ့အလယ်ပိုင်းဒေသသို တင်ပိုနေရသော စစ်လက်နက် ပစ္စည်း ပမာဏမှာ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ၁၀ ဆ နီးပါးမြင့်တက်လာကြောင်း China Daily သတင်းဌာန တွင် ဖော်ပြထားသည်။