ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကွင်းတွင် ယနေ့နံနက် ၄နာရီ၅၅မိနစ်အချိန်ခန့်က ရွှေလင်းယုန်ယဥ်လိုင်းဂိတ်မှစတင်မီးလောင် မှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာနေရာသို့ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက်၅နာရီ ၄၈မိနစ် အချိန်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့် ရွှေလင်းယုန်ယာဥ်လိုင်း၊ သိန်းသန်းကျော်ယာဥ်လိုင်း၊ ဝင်းယာဥ်လိုင်း၊ အောင်ကျော်ဇောယာဥ်လိုင်း၊ ရွှေယုန်လေးယာဥ်လိုင်း၊ ရာဇာမင်းယာဥ်လိုင်း၊ မန္တလာမင်းယာဥ်လိုင်း၊ ဂိတ်အခန်းလွတ်တခန်း တို့မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့် ရွှေလင်းယုန် ကားဂိတ်အတွင်းမှ အလုပ်သမားညစောင့်အိပ်နေသူ မျိုးသူရကျော်၊ ၂၄နှစ်သည် မီးလောင်နေစဥ် ကော်ရေပုံးအပြာအတွင်း ဝင်ရောက်ပုန်းခိုနေစဥ် မီးလောင်မှုကြောင့်သေဆုံးလျှက်တွေ့ရှိရကြောင်း၊ ထို့ပြင် အပျက်အစီးများရှင်းလင်းရာတွင် အမျိုးသား ရုပ်အလောင်း ၂ လောင်းထပ်မံတွေရှိရကြောင်း ကနဦးသိရသည်။
#PAN
Telegram link
https://t.me/positiveanglenews