ပထမအချီ အလဲထိုးနဲ့အနိုင်ရရှိခဲ့တဲ့ ဘရော်နီကာ

ဖေဖော်ဝါရီ ၅

ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ထိုင်းမွေထိုင်းလက်‌ဝှေ့မယ်ကို ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဘရော်နီကာ နဲ့ Nongbew Tor Thepsutin တို့ဟာ မနေ့က Thai Fight ပြိုင်ပွဲတွင် ထိုးသတ်ခဲ့ကြခြင်းဖြစ်ပါတယ်။

ထိုသို့ထိုးသတ်ရာ ဘရော်နီကာက အသာစီးထိုးသတ်ခဲ့သည်ကိုတွေ့ရပြီး ပထမအချီမှာပင် ထိုင်းဖိုက်တာအမှတ်စဉ်ရေခံခဲ့ကာ သိပ်မကြာခင်အချိန်တွင် ဒိုင်မှပွဲရပ်ခဲ့ပြီးနောက် ဘရော်နီကာကို အနိုင်ပေးခဲ့ပါတယ်။

ကယန်းလက်‌ဝှေ့မယ် ဘရော်နီကာသည် (၂) နှစ်ဆက်တိုက် အမျိုးသမီး Thai Fight ချန်ပီယံဖြစ်ပြီး (၁၇) ပွဲဆက်အနိုင်ယူထားနိုင်သည့် ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။