ဂန့်ဂေါရှိ ပြည်သူ့စစ်ရွာအချို့မှ အငတ်ဘေးကိုမခံစားနိုင်သောကြောင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်


ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့စစ်အကာအကွယ်ပေးထားသော ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၃၀၀၀ ကျော်သည် အငတ်ဘေးကိုမခံစားနိုင်သောကြောင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

အနီးဆုံး လမ်းပန်းဆက်သွယ်ရေးကောင်းသည့်မြို့နှင့် အဆက်အသွယ်ရရှိရေး၊ ဓာတ်ဆီနှင့် ဒီဇယ်ရရှိအောင် ဆောင်ရွက်ပေးနိုင်ရေးနှင့်စားသောက်ကုန်ဆေးဝါးများ ရရှိရန် ဆောင်ရွက်ပေးနိုင်ရေးတို့ ပါဝင်ကြောင်းသိရသည်။

အဆိုပါကျေးရွာများသည် PDF အဖွဲ့များ၏ မကြာခဏလာရောက်တိုက်ခိုက်ခြင်းခံရသည့်ကျေးရွာများဖြစ်ပြီး ရရာလက်နက်စွဲကိုင်ကာ ခုခံကာကွယ်နေသည့်ကျေးရွာများဖြစ်သည်။
ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ချင်းတွင်းမြစ်အတွင်းမှ လူသုံးကုန်နှင့် စားသောက်ကုန်များ သယ်ယူပို့ဆောင်ရာတွင်လည်း PDF အဖွဲ့များမှ ကြားဖြတ် ဓားပြတိုက်ခြင်းခံရသောကြောင့် စားဝတ်နေရအခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။

PAN