ကယ်လီဖိုးနီးယားတွင် ပြင်းထန်သော မုန်တိုင်းတိုက်ခတ်နေ


ဖေဖော်ဝါရီ ၅

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် အားအလွန်ကောင်းသော မုန်တိုင်းတစ်ခု စတင်တိုက်ခတ်နေကြောင်းသိရသည်။ ယနေ့ မွန်းလွဲပိုင်းရှိ ပင်လယ်အော်ဒေသအတွင်းသို့ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ Santa Barbara နှင့် Ventura ခရိုင်များရှိ အချို့ဒေသများရှိ ပြည်သူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် ထုတ်ပြန်ထားကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုသည် အန္တရာယ်များသော ရေလွှမ်းမိုးမှု၊ အပျက်အစီးများ မျောပါလာမှုနှင့် ရွှံ့မြေများ ပြိုကျမှုများ စံချိန်တင်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနမှာ ပညာရှင်တစ်ဦးက ခန့်မှန်းထားသည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom သည် San Luis Obispo၊ Santa Barbara၊ Ventura၊ Los Angeles၊ Orange၊ Riverside၊ San Bernardino နှင့် San Diego ခရိုင်များအတွက် မုန်တိုင်းနှင့် ဆက်နွယ်သည့် အရေးပေါ်အခြေအနေတစ်ရပ်အား ယမန်နေ့ တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

မကြေညာချက်တွင် အမျိုးသားအစောင့်တပ်အား ပြန်လည်စုစည်းကာ ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါဝင်သည်။

PAN