ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်တွင် သာမာန် ပြည်သူတစ်ဦးကို လူသတ်အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်


ဖေဖော်ဝါရီ ၄

ယမန်နေ့ ည ၈ နာရီ ၃၀ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် သာမာန်ကုန်စုံဆိုင်ဖွင့်လှစ်၍ အသက်မွေးဝမ်းကြောင်းပြုနေသော ပြည်သူတစ်ဦးအား လူသတ်အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့က ကဝမြို့နှင့် (၅)မိုင်ခန့်အကွာ ကဝမြို့နယ်၊ သပြုကျေးရွာအုပ်စု၊ တမံကြီးကျေးရွာနေ ဦးကိုလွင် ၊ ၄၂ နှစ်၊ ဈေးရောင်းသည် သပြုကျေးရွာနေ ဦးအေးဝင်း၊ ကွမ်းယာရောင်း၏ နေအိမ်ရှေ့တွင် ဦးဇော်နိုင်ထွန်း၊ သတ္ထုလုပ်ငန်း၊ သပြုကျေးရွာနေသူတို့နှင့် အတူထိုင်နေစဉ် အမည်မသိအမျိုးသား ၂ ဦးမှ ဆိုင်ကယ်ဖြင့် နေအိမ်ရှေ့မှ ဖြတ်မောင်းသွားပြီး နောက်ပြန်လှည့်ကာ လွယ်အိတ်ထဲမှ သေနတ်အရှည် အမျိုးအစား(စိစစ်ဆဲ)အား ထုတ်ယူ၍ ၆ ချက်ခန့် ပစ်ခတ်ခဲ့ရာ ဦးကိုလွင်၏ ဝဲခြေသလုံးတွင် ဒဏ်ရာ ၁ ချက်၊ ဘယ်ရင်အုံဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာပါးအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ လည်ပင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဘယ်နားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်း ၅ ချက်ထိမှန်ခဲ့ပြီး ရရှိခဲ့သော ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ပါတီနိုင်ငံရေးကိစ္စရပ်များတွင် ပါဝင်သူမဟုတ်ပဲ ကျေးရွာအတွင်း ကုန်စုံဆိုင်ဖွင့်၍ အသက်မွေးဝမ်းကြောင်းပြုနေသော သာမာန်ပြည်သူ တစ်ဦးသာဖြစ်ကြောင်း သိရှိရသည်။

PAN