အယ်နာဆာကို (၆)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အင်တာမိုင်ယာမီ

ဖေဖော်ဝါရီ ၂

ယနေ့နံနက်ပိုင်းက ရာသီကြို ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်တာမိုင်ယာမီအသင်းဟာ ခြေစမ်းပွဲများတွင် ရလဒ်များ ဆိုးဝါးနေပြီး အယ်နာဆာကို ၆ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။

လီယွန်နယ်မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့ ကစားသမားဘဝမှ အနားမယူမှီ ပြန်လည်ဆုံတွေ့စေရန် ရည်ရွယ်ပြီး ပွဲစီစဉ်သူများသည် မက်ဆီ၏ အင်တာမိုင်ယာမီအသင်းနှင့် စီရော်နယ်ဒို၏ အယ်နာဆာအသင်းတို့ကို ခြေစမ်းပွဲစီစဉ်ပေးခဲ့ပါတယ်။

သို့သော်လည်း စီရော်နယ်ဒို၏ ဒဏ်ရာအခြေအနေမှာ သက်သာခြင်းမရှိသေးသည့်အတွက် အဆိုပါပွဲစဉ်ကို ဝင်ရောက်မကစားနိုင်ခဲ့ဘဲ မက်ဆီသည်လည်း ပွဲကစားချိန် (၈၃) မိနစ်ရောက်မှသာ လူစားဝင်ကစားခဲ့ပါတယ်။

အဆိုပါပွဲစဥ်တွင် အိမ်ရှင် အယ်နာဆာအသင်းသည် အင်တာမိုင်ယာမီ အသင်းကို တစ်ဖက်သတ်အသာစီး ကစားသွားပြီး ပွဲကစားချိန် (၁၂) မိနစ်တွင်ပင် (၃) ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ကာ ပွဲအပြီးတွင် (၆) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။

ထို့ကြောင် အယ်နာဆာအသင်းသည် (၆) ပွဲဆက်နိုင်ပွဲရရှိခဲ့သော်လည်း အင်တာမိုင်ယာမီအသင်းမှာမူ နိုင်ပွဲပျောက်ဆုံးနေသည်မှာ (၁၂) ပွဲဆက်ရှိ သွားပြီဖြစ်ကြောင်းလည်း သိရပါတယ်။