NLD အမာခံ အမျိုးသမီး ၄ ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့မှ ဒလန်ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်သတ်


ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တူရွင်းဘို့ကျေးရွာအနီး၌ ယမန်နေ့ မနက် ၁၁ နာရီခွဲအချိန်ခန့်က အမျိုးသမီး ၄ ဦး ဒဏ်ရာအသီးသီးဖြင့် သေဆုံးနေကြောင်း သိရသည်။

အဆိုပါ သေဆုံးနေသည့် အမျိုးသမီး ၄ ဦးသည် မအိမေဂျာ၊ အသက် ၂၄ နှစ်၊(ဘ) ဦးချိုဌေး၊ ဒေါ်ခင်ဆွေဝင်း၊ အသက် ၄၆ နှစ်၊(ဘ)ဦးသောင်းရင်၊ဒေါ်ညွန့်မေ၊ အသက် ၆၂ နှစ်၊(ဘ)ဦးသောင်းရင်၊ မဇင်မာတင်၊ အသက် ၃၀ နှစ်၊(ဘ)ဦးဝင်းဌေးတို့​ဖြစ်ပြီး တူရွင်းဘို့ ကျေးရွာ၊ မြင်းခြံမြို့နယ် နေသူများ ဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ၄ ဦးမှာ NLD အမာခံများဖြစ်ပြီး လက်ရှိအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်မှုရှိသဖြင့် အကြမ်းဖက်သမားများက သတ်ဖြတ်သွားခြင်း ဖြစ်နိူင်ကြောင်း ဒေသခံများ၏ ပြောကြားမှုအရ သိရှိရသည်။

PAN